မြန်မာနိုင်ငံ သုံးခွမြို့နယ်မှာသောက်သုံးရေအခက်အခဲဖြစ်နေသော
ရွာများအတွက်စက်ရေတွင်းလှူဒါန်းရန်အလှူငွေများကောက်ခံခဲ့ရာယနေ့ထိစုစုပေါင်း
SGD 11,279.10 ရရှိပြီဖြစ်ပါတယ်။ ပထမအကြိမ်
SGD 6,507.00 ၊ ဒုတိယအကြိမ်
SGD 2,641.00 တို့ကို
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် (MSDN)
မှဦးဆောင်ညှိုနှိုင်းဆောင်ရွက်သူဗိုလ်ကြီး နေမျိုးဇင် အားလွှဲအပ်၍
အမှန်တကယ်လိုအပ်သော ရွာများတွင် စက်ရေတွင်း နှင့် အုတ်ကန်များ
တူးဖော်လှူဒါန်းခဲ့ပါတယ်။
အချို့တွင်းများအောင်မြင်စွာတူးဖော်နိုင်ခဲ့သော်လည်း
အချို့တွင်းများတွင်မြေအောက်သဘာဝ၏ချိ့ယွင်းမှုများကြောင့်
အကြိမ်ကြိမ်တူးဖော်ခဲ့ရပါတယ်။ယခုထိဆက်လက်တူးဖော်နေသောတွင်းများလည်းရှိနေပါသေးတယ်။
ယခုလက်ရိုကောက်ခံရရှိထားသောအလှူငွေ
SGD 2,131.10
ကိုဆက်လက်အသုံးပြုလှူဒါန်းသွားမှာဖြစ်ပါကြောင်းအလှူရှင်များကိုအသိပေးလိုပါတယ်။
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် (MSDN) သို့ပခုက္ကူဘက်မှလဲ
သောက်သုံးရေအခက်အခဲရှိလို့ကူညီပါရန်လာေ၇ာက်တင်ပြထားပါတယ်။
ယခုထိမိုးကောင်းကောင်းမရွာသေးလို့မြန်မာနိုင်ငံအလယ်ပိုင်း၊အပူပိုင်းဒေသတွေမှာ
သောက်သုံးရေရှားပါးနေဆဲဖြစ်ပါတယ်။ မိမိတို့မြန်မာနိုင်ငံသား
မောင်နှမသားချင်းများ ရေဒုက္ခမခံစားရစေဖို့၊ခဏတာအတွက်မဟုတ်ပဲ
ထာဝရအဆင်ပြေအေးချမ်းစွာသောက်သုံးရေရှိစေနိုင်မဲ့စက်ရေတွင်းတူးအလှူမှာပါဝင်လှူဒါန်းကြဖို့အကျိုးမျှော်၍နှိုးဆော်လိုက်ပါတယ်။
ကောက်ခံရရှိသောအလှူငွေစာရင်းအကျဉ်းချုပ်
စင်ကာပူဒေါ်လာ မြန်မာငွေကျပ်
၀၈.၀၅.၁၂ ပထမအကြိမ် လွှဲပို့လှူဒါန်းငွေ ၆,၅၀၇.၀၀ ၄,၂၆၈,၅၀၀.၀၀
၂၀.၀၅.၁၂ ဒုတိယအကြိမ် လွှဲပို့လှူဒါန်းငွေ ၂,၆၄၁.၀၀ ၁,၇၃၇,၅၀၀.၀၀
ဆက်လက်ကောက်ခံရရှိငွေ
မဇင်မာထွန်း ၄၅.၀၀
ကိုမင်းမင်းသိုက် + မအိ နှင့်သူငယ်ချင်းများ ၆၁၀.၀၀
ကိုနေဦး + မဇာခြည်အေးမိသားစု ၁၅၅.၀၀
မစန်းစန်းမြင့် ၈၀.၀၀
ကိုဖြိုးအောင်ကျော် ၁၀၀.၀၀
Famouswin ၅၀.၀၀
သင်းဝင်း(Canada) ၂၅၁.၁၀
ကိုရဲထွတ်လင်း + မနှင်းအိဖြူ ၁၆၀.၀၀
ကိုအောင်မြတ်လွင် + မမြသန္တာ မိသားစု ၁၅၀.၀၀
ဦးအေးစိုး နှင့်အဖွဲ့ ၅၀၀.၀၀
ကိုကျော်လင်း ၃၀.၀၀
ဆက်လက်ကောက်ခံရရှိငွေစုစုပေါင်း ၂,၁၃၁.၁၀
အလှူငွေစုစုပေါင်း ၁၁,၂၇၉.၁၀
အလှူရှင်များအားလုံးရဲ့သန့်ရှင်းသောစေတနာများစုပေါင်းရာမှဖြစ်တည်ပေါ်ပေါက်လာသော
မွန်မြတ်လှသောဤအလှူ ကိုမဟာပထ၀ီမြေကြီး
အားသက်သေတိုင်တည်ပါတယ်။အလှူရှင်များနှင့်တကွမိသားစုများအားလုံးဆထက်တပိုးကြီးပွါးချမ်းသာပြီး
ပိုမိုလှူဒါန်းနိုင်၊ဒါနပြုနိုင်ကြပါစေ။မိမိတို့ဘ၀ဘ၀ဆက်တိုင်း
ရေလှူရခြင်းအကျိုးဆယ်ပါးပြည့်ဝပါစေ။
ပခုက္ကူဒေသအတွက် ရေတွင်းအလှူမှာပါဝင်လှူဒါန်းလိုသူများ
Khine Khine Myint (Singapore) ph: 91096741
Nay Myo Zin (Yangon) ph: 949328559 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။