Monday 25 June 2012
မြင့်မြတ်သော ရေအလှူကုသိုလ်
Friday 22 June 2012
အကူအလှူငွေကျပ် 531000 ကျပ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုတွင် ပန်းရဲ့လမ်းကွန်ယက်မှ ဦးရဲလွင်ထံ အခမ်းအနားဖြင့် ပေးအပ်လှူဒါန်းနေစဉ်
မြန်မာအမျိုးကောင်းသားများ ဖေါင်ဒေးရှင်း (မလေးရှား) ပေးပို့လှူဒါန်းသည့်
ကချင်တိုင်းရင်းသား စစ်ဘေးသင့်သူများ အတွက် အကူအလှူငွေကျပ် 531000 ကျပ်ကို
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုတွင် ပန်းရဲ့လမ်းကွန်ယက်မှ ဦးရဲလွင်ထံ
အခမ်းအနားဖြင့် ပေးအပ်လှူဒါန်းနေစဉ်
စက်ရေတွင်းအလှူ ရရှိငွေ စုစုပေါင်း SGD 11,279.10 နှင့် အလှူရှင်စာရင်း
မြန်မာနိုင်ငံ သုံးခွမြို့နယ်မှာသောက်သုံးရေအခက်အခဲဖြစ်နေသော
ရွာများအတွက်စက်ရေတွင်းလှူဒါန်းရန်အလှူငွေများကောက်ခံခဲ့ရာယနေ့ထိစုစုပေါင်း
SGD 11,279.10 ရရှိပြီဖြစ်ပါတယ်။ ပထမအကြိမ် SGD 6,507.00 ၊ ဒုတိယအကြိမ် SGD 2,641.00 တို့ကို
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် (MSDN)
မှဦးဆောင်ညှိုနှိုင်းဆောင်ရွက်သူဗိုလ်ကြီး နေမျိုးဇင် အားလွှဲအပ်၍
အမှန်တကယ်လိုအပ်သော ရွာများတွင် စက်ရေတွင်း နှင့် အုတ်ကန်များ
တူးဖော်လှူဒါန်းခဲ့ပါတယ်။
အချို့တွင်းများအောင်မြင်စွာတူးဖော်နိုင်ခဲ့သော်လည်း
အချို့တွင်းများတွင်မြေအောက်သဘာဝ၏ချိ့ယွင်းမှုများကြောင့်
အကြိမ်ကြိမ်တူးဖော်ခဲ့ရပါတယ်။ယခုထိဆက်လက်တူးဖော်နေသောတွင်းများလည်းရှိနေပါသေးတယ်။
ယခုလက်ရိုကောက်ခံရရှိထားသောအလှူငွေ SGD 2,131.10
ကိုဆက်လက်အသုံးပြုလှူဒါန်းသွားမှာဖြစ်ပါကြောင်းအလှူရှင်များကိုအသိပေးလိုပါတယ်။
မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် (MSDN) သို့ပခုက္ကူဘက်မှလဲ
သောက်သုံးရေအခက်အခဲရှိလို့ကူညီပါရန်လာေ၇ာက်တင်ပြထားပါတယ်။
ယခုထိမိုးကောင်းကောင်းမရွာသေးလို့မြန်မာနိုင်ငံအလယ်ပိုင်း၊အပူပိုင်းဒေသတွေမှာ
သောက်သုံးရေရှားပါးနေဆဲဖြစ်ပါတယ်။ မိမိတို့မြန်မာနိုင်ငံသား
မောင်နှမသားချင်းများ ရေဒုက္ခမခံစားရစေဖို့၊ခဏတာအတွက်မဟုတ်ပဲ
ထာဝရအဆင်ပြေအေးချမ်းစွာသောက်သုံးရေရှိစေနိုင်မဲ့စက်ရေတွင်းတူးအလှူမှာပါဝင်လှူဒါန်းကြဖို့အကျိုးမျှော်၍နှိုးဆော်လိုက်ပါတယ်။
ကောက်ခံရရှိသောအလှူငွေစာရင်းအကျဉ်းချုပ်
စင်ကာပူဒေါ်လာ မြန်မာငွေကျပ်
၀၈.၀၅.၁၂ ပထမအကြိမ် လွှဲပို့လှူဒါန်းငွေ ၆,၅၀၇.၀၀ ၄,၂၆၈,၅၀၀.၀၀
၂၀.၀၅.၁၂ ဒုတိယအကြိမ် လွှဲပို့လှူဒါန်းငွေ ၂,၆၄၁.၀၀ ၁,၇၃၇,၅၀၀.၀၀
ဆက်လက်ကောက်ခံရရှိငွေ
မဇင်မာထွန်း ၄၅.၀၀
ကိုမင်းမင်းသိုက် + မအိ နှင့်သူငယ်ချင်းများ ၆၁၀.၀၀
ကိုနေဦး + မဇာခြည်အေးမိသားစု ၁၅၅.၀၀
မစန်းစန်းမြင့် ၈၀.၀၀
ကိုဖြိုးအောင်ကျော် ၁၀၀.၀၀
Famouswin ၅၀.၀၀
သင်းဝင်း(Canada) ၂၅၁.၁၀
ကိုရဲထွတ်လင်း + မနှင်းအိဖြူ ၁၆၀.၀၀
ကိုအောင်မြတ်လွင် + မမြသန္တာ မိသားစု ၁၅၀.၀၀
ဦးအေးစိုး နှင့်အဖွဲ့ ၅၀၀.၀၀
ကိုကျော်လင်း ၃၀.၀၀
ဆက်လက်ကောက်ခံရရှိငွေစုစုပေါင်း ၂,၁၃၁.၁၀
အလှူငွေစုစုပေါင်း ၁၁,၂၇၉.၁၀
အလှူရှင်များအားလုံးရဲ့သန့်ရှင်းသောစေတနာများစုပေါင်းရာမှဖြစ်တည်ပေါ်ပေါက်လာသော မွန်မြတ်လှသောဤအလှူ ကိုမဟာပထ၀ီမြေကြီး အားသက်သေတိုင်တည်ပါတယ်။အလှူရှင်များနှင့်တကွမိသားစုများအားလုံးဆထက်တပိုးကြီးပွါးချမ်းသာပြီး ပိုမိုလှူဒါန်းနိုင်၊ဒါနပြုနိုင်ကြပါစေ။မိမိတို့ဘ၀ဘ၀ဆက်တိုင်း ရေလှူရခြင်းအကျိုးဆယ်ပါးပြည့်ဝပါစေ။
ပခုက္ကူဒေသအတွက် ရေတွင်းအလှူမှာပါဝင်လှူဒါန်းလိုသူများ
Khine Khine Myint (Singapore) ph: 91096741
Nay Myo Zin (Yangon) ph: 949328559 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

Subscribe to:
Posts (Atom)